Integrated Swanyee Agri Co.,Ltd.

Integrated Swanyee Social BusinessIntegrated Swanyee Social BusinessIntegrated Swanyee Social Business

Lines of Business

Agri eCommerce

Swanyee သည် သွင်းအားစုပေးသွင်းသူများ၊ လက်လီရောင်းချသူများ၊ လယ်သမားများနှင့် ကျေးလက် ပါဝင်သူမျာ းအကြား ချိတ်ဆက်မှုကို တိုးမြှင့်ရန်အတွက် တိုက်ရိုက်ငွေပေးချေ မှုစနစ်များပါဝင်သော eCommerce ပလက်ဖောင်းမှ တဆင့် အရည်အသွေးပြည့်မှီသော စိုက်ပျိုးရေး သွင်းအားစုများကို စျေးသက်သာစွာရောင်းချ ဝယ်ယူနိုင်ရန် ရည်ရွယ်ပါသည်။ ဖုန်းဖြင့် မှတ်ပုံတင်ရန်လွယ်ကူသော eCommerce ပလက်ဖောင်းကို အသုံးပြုခြင်းဖြင့် လယ်သမားများနှင့် သွင်းအားစု ပံ့ပိုးပေးသူများ အကြား လွယ်ကူထိရောက်သောဆက်သွယ်မှုရရှိနိင်ရန်ရည်ရွယ်ပါသည်။

Swanyee will focus mainly to improve inclusiveness of the agriculture business, efficiency, and competativeness through existing Agriculture eCommerce platform includes payment gateways, through www.swanyeeagri.com to increase digital access between input suppliers, retailers and small holder farmers and rural participants. It also intends to improve motivatioan among farmers and inputs providers to adopt digital tools for agriculture by using eCommerce platform which is easy for registration: example registration by phone; and easy for user experience. www.swanyeeagri.com

Agri Inputs - Vermiliquid & Compost

Swanyee is trying to reduce the chemical using by farmers up to 25% or free of chemical or fully free of chemical using in farming. Now there has significant impact to the market as farmers improved awareness of efficient use of natural and bio fertilizers, and these impact lead to change the policies of the local authorities and farmers. The price for value and competitiveness of the price impacts .... Read More

Swanyee သည် လယ်သမားများ ဓာတ်မြေသြဇာအသုံးပြုမှုကို 25% အထိ လျှော့ချရန် သို့မဟုတ် ဓာတုဗေဒ လုံးဝကင်းစင်ရန်ကြိုးပမ်းနေသည်။ သဘာဝနှင့် ဇီဝမြေသြဇာများ ကို အကျိုးရှိစွာ သုံးစွဲခြင်းဆိုင်ရာ အသိပညာများ မြှင့်တင်ပေးခြင်းဖြင့် တောင်သူလယ် သမားများအနေဖြင့် ယခုအခါတွင် စျေးကွက်အပေါ် သိသိသာသာ အကျိုးသက်ရောက်မှု များ ရှိလာခဲ့ပြီး အဆိုပါ သက်ရောက်မှုများသည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် လယ်သမားများ၏ မူဝါဒများကို ပြောင်းလဲသွားစေပါသည်။ စျေးနှုန်းတန်ဖိုးနှင့် ယှဉ်ပြိုင် နိုင်စွမ်းရှိသော စျေးနှုန်းသည် ဓာတုဗေဒပစ္စည်းများအသုံးပြုမှုအပေါ် သိသာစွာသက် ရောက်မှုရှိပါသည်။ မြေဆီလွှာတိုက်စားမှု လျော့နည်းစေရန် သဘာဝနှင့် ဇီဝမြေသြဇာ များ ထုတ်လုပ်ခြင်းသည် ဈေးကွက်သစ်အတွက် ဖန်တီးမှုစနစ်ဖြစ်ပါသည်။ ဇီဝထုတ်ကုန်များသည် သုံးစွဲသူများနှင့် စားသုံးသူများ ကျန်းမာစေရန်အတွက် အကျိုး ကျေးဇူးရှိပြီး လယ်ယာထွက်ကုန်များတွင် ဓာတုဗေဒပစ္စည်းများကို အသုံးပြု၍ ဖြစ်ပေါ် လာသောရေရှည် အန္တရာယ်များကို လျှော့ချပေးပါသည်။
  မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးသည် စိုက်ပျိုးရေးကဏ္ဍကို အခြေခံသောကြောင့် မြန်မာ နိုင်ငံတွင် စိုက်ပျိုးရေးသွင်းအားစုများ၏ စျေးကွက်အရွယ်အစားမှာ အလွန်ကြီးမား ပါသည်။ Swanyee သည် နိုင်ငံတစ်ဝှမ်း ၎င်း၏စျေးကွက်ရရှိရန် ကြိုးစားနေပြီး ဇီဝ မြေသြဇာများသည် ဝင်ငွေတိုးပွားစေသည့်အပြင် လယ်သမားများ၏ အသက်မွေးဝမ်း ကျောင်းမှု ရေရှည်တိုးတက်စေရန်နှင့် ဓာတုကင်းစင်သော ထုတ်ကုန်များကြောင့် စားသုံးသူများအတွက် ဘေးကင်းသောအစားအစာနှင့် မြေဆီလွှာအရည်အသွေးကို ရေရှည်တည်တံ့စေမည်ဖြစ်သည်။

Flag Counter

Founder & President's Profile

Swanyee Group

Activities in Social Sector

Emergency Relief
Environmental
Poverty Reduction
LIFT
Micro Finance
WASH

Contact us

Integrated Swanyee Agri Co.,Ltd.

Registered Office
Room (A-8), Building (138-B1), New University avenue Road, Sayasan Quarter, Bahan Township, Yangon, Myanmar

09 443 099 020, 09 431 822 17
[email protected]
www.swanyeegroup-agri.com
facebook.com/swanyeebio

ဇီဝတီကျစ်မြေသြဇာ အသုံးပြုပုံ

မြေပြင်ခြင်း ၊ ကြားလိုက်ခြင်း နှင့် ပုံကြွေးခြင်း ပေါ်မူတည်၍ ဇီဝ မြေသြဇာ တစ်မျိုးတည်းအား တစ်ဧကလျှင် ၂၅ Kg (၂) အိတ်မှ (၄) အိတ် အထိ အသုံးပြုနိုင်ပါသည်။ ယူရီးယား မြေသြဇာ နှင့် တွဲဖက် အသုံးပြုလိုပါက ယူရီးယား (၁) ဆ ဇီဝမြေသြဇာ (၁)ဆမှ (၂)ဆ အထိ ကြဲပတ်ခါနီးတွင် ရောနှော၍ အသုံးပြုခြင်း ဖြင့် အပင်ကြီးထွားမှု လျင်မြန်ပြီး ဓာတုရုပ်ကြွင်း နည်းပါး၍ ရေရှည် အကျိုး ကျေးဇူး ဖြစ်ထွန်း နိုင်ပါသည်။

တီကျစ်ရည်၏ ထူးခြားစွာ အသုံးပြုနိုင်ပုံများ

စိုက်ပျိုးမြေပေါ်တွင် ရေ(၄)ဂါလံ ဆေးဖြန်းပုံး တစ်ပုံးလျှင် တီကျစ်ရည် တစ်လီတာဘူး (၁)ဘူး နှုန်း ရောစပ်၍ ပက်ဖျန်းလျှင် (၃)ရက်မှ (၇)ရက် အတွင်း သာမန်မြေအား မြေဆွေးအဖြစ် ပြောင်းလဲနိုင်ပါသည်။
ပျိုးထောင်ပြီး စိုက်ပျိုးရသော သီးနှံမျိုးစုံတွင် ပျိုးထောင်ချိန်၌ ပျမ်းမျှအားဖြင့် ရေ(၄)ဂါလံ ဆေးဖြန်းပုံး တစ်ပုံးလျှင် တစ်လီတာဘူး တစ်ဘူး၏ ၃ ပုံ ၁ ပုံ (တီကျစ်ရည် ၁ ဆလျှင် ရေ ၅၅ ဆခန့်) နှုန်းဖြင့် သီးနှံ အမျိုးအစားပေါ်မူတည်၍ လိုအပ်သလို ပက်ဖျန်းနိုင်ပါသည်။
တီကျစ်ရည် တစ်မျိုးတည်အား အားဆေးအဖြစ် အသုံးပြုနိုင်ပြီး ပေါင်းသတ်ဆေး ၊ မှိုသတ်ဆေးမှ လွဲ၍ ကျန်ဓာတုဆေးရည်များ နှင့် ပေါင်းစပ် အသုံးပြုနိုင်ပါသည်။ ယင်းသို့ အသုံးပြုရာတွင် ဓာတုဆေးရည် မူလ အညွန်းပြည့် (ဥပမာ ရေ ၄ ဂါလံ ဆေးဖျန်းပုံး တစ်ပုံးလျှင် တီကျစ်ရည် လီတာဝက်မှ တစ်လီတာထိ) ပေါင်းစပ် အသုံးပြုနိုင်ပြီး အကျိုးဆက်အနေဖြင့် အပင်ကျန်းမာ ကြံ့ခိုင်ပြီး အထွက်နှုန်း ပိုကောင်းစေပါသည်။

swanyee